Essential Buyers Guide for AliExpress


AliExpress မှာ ပစ္စည်းတွေ အစုံရှိပါတယ် ၊ Store ပေါင်းမျိုးစုံ ရှိတဲ့ အထဲမှ ဘယ်လို ရွေးချယ် ၀ယ်ယူကြမလဲ ၊ ယုံကြည်စိတ်ချရသော Sellers ကို ဘယ်လို ရှာဖွေကြမလဲ စတဲ့ ဈေးမ၀ယ်ခင်မှာ သိထားရမယ့် အချက်တွေကို ပြောပြချင်ပါတယ် ။


AliExpress ဟာ ကမ္ဘာ့အကြီးဆုံး Online Store ဖြစ်လာပါပြီ ။ ဒီ Chinese store ဟာ Amazon , eBay တို့ရဲ့ ရောင်းအားထက် သုံးဆ ပိုအမြတ်ထွက်နေပါတယ် ။ တခြားနိုင်ငံက လူတွေဟာလည်း ကျွန်တော်တို့လိုပါပဲ တရုတ်ပစ္စည်းများကို ပထမဆုံးအကြိမ် စမ်းဝယ်ကြည့်ကြပါတယ် ။ တကယ်ပါ AliExpress ဟာ စိတ်ဝင်စားစရာ ကောင်းပြီး ဈေးသက်သာသောပစ္စည်းတွေလည်း ရှိတယ်လေ ။


Identifying Trustworthy sellers in AliExpressယုံကြည်စိတ်ချရတဲ့ Sellers တွေကို ဘယ်လို ရွေးမလဲ
1. ပထမဆုံး အနေနဲ့ Seller Ratings ၊ Positive Feedback တို့ကို ကြည့်ရပါမယ် ။ Diamonds or Crowns ရုပ်ပုံလေးတွေ တွေ့တယ်ဆိုရင် Very Good အရမ်းကောင်းတဲ့ Store လို့ သတ်မှတ်လို့ ရပါတယ် ။ Positive Feedback 97% , 98%, 99% , 100 % ဆိုရင် Very good အရမ်းကောင်းတဲ့ Feedback တွေကို ရရှိထားလို့ ယုံကြည့်လို့ ရနိုင်ပါတယ် ။ ပြီးတော့ “item as described” , ” communication” , ” shipping speed” တွေကို ကြည့်ပါ ။ Shipping Speed မှာ 4.4% , 4.5% တွေဆိုရင် ပစ္စည်းမှာတဲ့ချိန်က တစ်လ သို့မဟုတ် တစ်လကျော် ကြာတတ်ပါတယ် ။ Shipping Speed 4.7%, 4.8% တို့ ရရှိထားတယ်ဆိုရင် ပစ္စည်းက 14 ရက် 15 ရက် အတွင်း ရောက်ရှိတတ်ပါတယ် ။


2. ဒုတိယ အနေနဲ့ စဉ်းစားရမှာကတော့ ပစ္စည်းဝယ်ယူဖူးသူတွေရဲ့ reviews/ratings တွေ ဖြစ်ပါတယ် ။ သူတို့ ရေးထားတဲ့ Feedback တွေကို ပစ္စည်းမ၀ယ်ယူခင် ဖတ်ရှုလို့ ရပါတယ် ။ အဲဒိ အချက်အလက်အားလုံးပေါင်းလို့ 90-92% ပဲ ရရှိတဲ့ Store တွေထံမှ ပစ္စည်းတွေ မ၀ယ်ယူသင့်ပါဘူး ။ 97%, 98%, 100% Positive Feedback ရရှိတဲ့ Store များမှ ၀ယ်ယူကြပါခင်ဗျား ။


3. နောက်တစ်ချက်ကတော့ Order အရေအတွက်ကို ထည့်တွက်ကြည့်လို့ ရပါတယ် ။ မိမိလိုချင်တဲ့ ပစ္စည်းဟာ မှာတဲ့သူတွေ အရမ်းများတယ် ၊ အရမ်းကို လူကြိုက်များကြတယ် ဆိုရင် အဲဒိ Store ဟာလည်း ကောင်းမွန်တယ် ၊ ယုံကြည်လို့ ရတယ်လို့ မှတ်ယူနိုင်ပါတယ် ။


4. Contack the seller – နောက်ဆုံးအနေနဲ့ လုပ်လို့ရတာကတော့ Contack Now ကို နိပ့်ပြီး Seller ကို ဆက်သွယ်နိုင်ပါတယ် ။ သိချင်တဲ့ အချက်အလက်တွေကို မေးလို့ ရတယ် ၊ ဆက်ဆံရေး ကောင်းမကေင်း စုံစမ်းလို့ ရတယ် ။


အထက်ပါ အချက်အလက်များနဲ့ ဆင်ခြင်စဉ်းစားပြီး အရမ်းကောင်းမွန်တဲ့ AliExpress Store မှာ ဈေးဝယ်နိုင်ကြပါတယ် ။ Thank You

Leave a Reply